Today:

SEARCH

Wednesday, January 16, 2008


လွတ်အောင်ပြေး မိအောင်ဖမ်းတဲ့သူငယ်ချင်းရေ

လွတ်အောင်ပြေးမိအောင်ဖမ်းဆိုတဲ့စကားဟာ တို့ကလေးဘ၀က စတင်ရင်းနှီးလာခဲ့သလို အခုလို အရွယ် ရောက်ပြီး တစ်ဝမ်းတစ်ခါးရှာစားရတဲ့အခါကျတော့လည်း ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ အကျွမ်းဝင်နေပါတယ်။
နေတာကဟိုဘက်နယ်နမိတ်နဲ့ ဒီဘက်နယ်နမိတ်ကူးချည်သန်းချည်နေလို့ရတဲ့ လောကမှာကြီးလာတော့ ဒါပဲစဉ်းစားပြီး ဒါပဲလုပ်ခဲ့တယ်။ လွယ်လဲလွယ်တယ်လေ၊ ပညာတတ်ဖို့လည်း သိပ်မလိုဘူး၊ ကျွန်တော်လုပ်ရဲရင် ကျွန်တော်စားခဲ့ရသလို လွှတ်ခဲ့ရတာလည်းရှိတာပေါ့၊ ဒါပေမဲ ကုန်သည်ကြီးတွေကလည်း ကျွန်တော်တို့ပေးလိုက် တဲ့ပစ္စည်းအပေါ် တစ်ခါတစ်လေ အရောက်ပို့တာတောင်မှ အချိတ်အဆက်လွဲပြီးခံရသေးတယ်ဗျ။ နလံမထူနိုင်တဲ့ အခေါက်လဲ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့နည်းစနစ်အမျိုးမျိုးနဲ့ ကျွန်တော်တို့ ၀ှိုက်နေကြပေမဲ့ မကိုက်ဘူး ကျောချမ်းရတယ်၊ ဒီတော့ တစ်ချီရှုံး နှစ်ချီမှာ ရဲရဲနှင့် ရမ်းရမ်းဆော်ပြီး သယ်ချင်ပေမဲ့လည်း လာမဲ့ကာလတွေမှာ နေရာအရ ရာသီချိန် အခွင့်သာပေမဲလည်း လွတ်အောင်ပြေးမိအောင် ဖမ်းနေတဲ့ ဆရာအစုံနဲ့မတိုးအောင် လှိမ့်လို့မရဖြစ်နေတယ်။ ကြာလေ ကျဉ်းလေဖြစ်လာပြီ၊ ကျွန်တော်တို့ရဲ့ မျက်စေ့ရှေ့နားရှေ့မှာပဲ အပြောနဲ့အလုပ် အဟုတ်ညီအောင် လုပ်ပြတဲ့ နမူနာတွေရှိနေတော့ မရဲ မရဲနဲ့ပဲ အခုတွေဝေနေရတယ်။ တစ်ဖက်က ပုံစံသစ်ပြင်ပြီး ပီပီပြင်ပြင်လုပ်လာရင် ကျွန်တော်ဆက်တိုးလို့မရနိုင်ဘူးလို့ စဉ်းစားမိတယ်။ အခုလိုအချိန်မှာတော့ မိမိလည်းဆုံး ပစ္စည်းလည်းဆုံး၊ ယခုအချိန်မှ လမ်းကြောင်းကြပ်နေတယ်လို့ သွားပြီးသတင်းလွှင့်ပေးပါလို့ သွားလဲမပြောချင်တော့ဘူး၊ ချောင်နေ တုန်းက ကိုယ်ကငြိမ်နေခဲ့တာကိုး၊ ဒီတော့ လွတ်အောင်ပြေးမိအောင်ဖမ်းနဲ့ မကစားတော့ပဲ သမာအာဇီဝစစ်စစ်နဲ့ ရဲရဲတင်းတင်းအိပ်ပျော်တဲ့အလုပ် ငါတို့ပတ်ဝန်းကျင်မှာမရှားတော့ အလုပ်ပြောင်းပြီး ခရီးဆက်သွားတော့မယ် သူငယ်ချင်းရေ ---------------

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home